ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတွေက အထိမ်းအမှတ် ရုပ်ထုတွေ၊ ဘာသာရေးဆိုင်ရာ ရုပ်ထုတွေ၊ ထင်ပေါ်ကျော်ကြားသူတွေရဲ့ ရုပ်ထုတွေကို အမျိုးမျိုးတည်ဆောက်ခဲ့ကြပါတယ်။ ဒီလို ရုပ်ထုအမျိုးမျိုးထဲမှာမှ အကြီးဆုံး ရုပ်ထု (၁၀) အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

1. Statue Of Unity

အိန္ဒိယနိုင်ငံ နိုင်ငံ့ခေါင်းဆောင်နှင့် လွတ်လပ်ရေး တက်ကြွလှုပ်ရှားသူ Sardar Vallabhbhai Patel ကို ပုံဖော်ထားသည့် စည်းလုံးညီညွတ်ရေး ရုပ်တုက လက်ရှိ ကမ္ဘာ့အမြင့်ဆုံး ရုပ်တုတစ်ခုပဲဖြစ်ပါတယ်။ ထိုရုပ်ထုကို အိန္ဒိယနိုင်ငံ၊ Narmada ခရိုင်၊ ဂူဂျာရတ်မြို့မှာ တည်ရှိပြီး ရုပ်ထုရဲ့ အမြင့်မှာ 182 မီတာ (597 ပေ) အောက်ခြေ အပါအဝင် ရုပ်ထုတစ်ခုလုံး အမြင့်မှာ 240 မီတာ(790 ပေ) ရှိပါတယ်။ Kevadiya Colony ရှိ Sardar Sarovar ဆည်နှင့် မျက်နှာချင်းဆိုင် မြစ်ကမ်းရှိ ကျွန်းတစ်ကျွန်းပေါ်တွင် တည်ရှိပြီး အဆိုပါ ရုပ်တုကို အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် Narendra Modi မှ 2018 ခုနှစ် အောက်တိုဘာလ 31 ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး မစ္စတာ Patel ၏ 143 နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့ပါတယ်။

2. Spring Temple Buddha

ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံး ရုပ်ပွားတော်၊ Spring Temple Buddha ကို Lushan country, Henan, China မှာ တည်ရှိပြီး ကြာပန်းပုံသဏ္ဍာန် ပလ္လင်အလယ်တွင် တည်ဆောက်ထားကာ Vairocana ဗုဒ္ဓရုပ်ပွားတော်ကို ကိုယ်စားပြုပြီး ကြည်ညိုသပ္ပါယ်ဖွယ် စွာ တည်ဆောက်ထားပါတယ်။ Fodushan ရှုခင်းသာဧရိယာအတွင်းမှာ တည်ရှိပြီး ရုပ်ထုအမြင့်မှာ 128 မီတာ(420ပေ)၊ အောက်ခြေအဆောက်အဦးအပါအဝင် စုစုပေါင်းအမြင့်မှာ 208 မီတာ(682 ပေ) မြင့်ပါတယ်။ထိုရုပ်တုကို ၁၉၉၇ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၈ ခုနှစ်အထိ ဆက်လက်တည်ဆောက်ခဲ့ပါတယ်။ ရုပ်တုကို နောက်ထပ်ခြေခုံးနှစ်ခုအဖြစ် ပြန်လည်ပုံဖော်ထားသည့် တောင်ကုန်းပေါ်တွင် တည်ဆောက်ထားသည်။ ပရောဂျက်တစ်ခုလုံး၏ ခန့်မှန်းကုန်ကျစရိတ်မှာ ဒေါ်လာ ၅၅ သန်းဖြစ်ပြီး ရုပ်တုအတွက် ဒေါ်လာ ၁၈ သန်းခန့်သာ သုံးစွဲခဲ့ပါတယ်။

3. Laykyun Sekkya(လေးကျွန်းစကြာ ဗုဒ္ဓရုပ်ပွားတော်)

လေးကျွန်းစကြာဗုဒ္ဓရုပ်ပွားတော်ကို မုံရွာမြို့အနီး ခတ္တကန်တောင်ပေါ်မှာ တည်ရှိပြီး ရုပ်ထုအမြင့် 116 မီတာ (381 ပေ) ရှိပြီး အောက်ခြေအဆောက်အဦးအပါအဝင် အမြင့် 129.2 မီတာ (424 ပေ) မြင့်ပါတယ်။ အမြင့် 13.5 မီတာမြင့်သော ပလ္လင်ပေါ်တွင် တည်ဆောက်ထားသည့် လေးကျွန်းစကြာရုပ်ထုသည် ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်များထဲမှ တစ်ခု အပါအဝင်ပဲဖြစ်ပါတယ်။ ရွှေအိုရောင်သင်္ကန်းနဲ့ ကြီးကျယ်ခမ်းနားသော ဂေါတမဗုဒ္ဓရဲ့ ရုပ်ထုပုံ အဆောက်အဦဖြစ်ပြီး ထိုရုပ်တုကို ၁၉၉၆ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၂ နှစ်ကြာ ဆက်လက်တည်ဆောက်ခဲ့ရပါတယ်။ ရုပ်တုအား ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် အများပြည်သူ တရားဝင်လာရောက်ဖူးမျှော်ခွင့် ရရှိခဲ့ပါတယ်။ ဤရုပ်တုကြီးတစ်ခုလုံး၏ အစိတ်အပိုင်းတိုင်းကို တိကျစွာ အသေးစိတ်ဖော်ပြထားပါတယ်။

4. Ushiku Daibutsu ဗုဒ္ဓရုပ်ပွားတော်

4. Ushiku Daibutsu ဗုဒ္ဓရုပ်ပွားတော်

Ushiku Daibutsu မှာ Ushiku, Ibaraki, Japan တွင် တည်ရှိပြီး 1993 ခုနှစ်မှာ တည်ဆောက်ခဲ့သော ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်များထဲတွင်လည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ထိုဗုဒ္ဓရုပ်ပွားတော်သည် ကြာပန်းစင်ပေါ်တွင် တည်ရှိပြီး 2018 ခုနှစ်စာရင်းအရ ၎င်းသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးရုပ်ပွားတော် (၅)ဆူစာရင်းတွင် ပါဝင်ခဲ့ပါတယ်။ ရုပ်ပွားတော်အ​မြင့်မှာ 100 မီတာ (330 ပေ) အောက်ခံအပါအဝင် စုစုပေါင်းအမြင့်မှာ 120 မီတာ (390 ပေ) ​မြင့်ပြီး ရုပ်ပွားတော်ကို အမိတ္တဘာဗုဒ္ဓပုံတူကို ပုံဖော်ထားပြီး ကြေးဝါဖြင့် တည်ဆောက်ထားပါတယ်။ ဗုဒ္ဓဘာသာ၏ “စစ်မှန်သောသန့်ရှင်းသောမြေကျောင်း” ကိုတည်ထောင်သူ Shinran ၏မွေးနေ့အထိမ်းအမှတ်အဖြစ်တည်ဆောက်ခဲ့​ခြင်း ဖြစ်ပါတယ်။

5. Sendai Daikannon နတ်ဘုရားမ

Sendai Daikannon သည် ဂျပန်နိုင်ငံ၊ Sendai တွင်တည်ရှိသော Nyoirin Kannon ရဲ့ ကြီးမားသောရုပ်တုပဲဖြစ်​ပြီး အမြင့် 100 မီတာ (330 ပေ) မြင့်ပါတယ်။ ဒီရုပ်တုဟာ ဂျပန်နိုင်ငံမှာ အမြင့်ဆုံး နတ်ဘုရားမရုပ်တုဖြစ်ပြီး ကမ္ဘာပေါ်မှာ အမြင့်ဆုံး ရုပ်တုငါးခုထဲက တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ရှင်ဂုံဗုဒ္ဓဘာသာမှ ဘုရားလောင်းကန်နွန်ကို သရုပ်ဖော်ထားသည့် ဘုရားလောင်း ကနွန်ရုပ်တု၏ထိပ်တွင် ဧည့်သည်များကို ခေါ်ဆောင်ရန် ဓာတ်လှေကားရှိသည်။ ထိုရုပ်တုကြီးကို ၁၉၉၁ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပါတယ်

6. Qianshou Qianyan Guanyin of Weishan

ထိုရုပ်ပွားတော်ကို Weishan, Changsha, Hunan, China မှာတည်ရှိပြီး တရုတ်နိုင်ငံတွင် ၄ ခုမြောက် အမြင့်ဆုံး ရုပ်တုဖြစ်သလို ကမ္ဘာပေါ်တွင် ၆ ခုမြောက် အမြင့်ဆုံး ရုပ်တုဖြစ်ပါတယ်။ အမြင့်မှာ 99 မီတာ (325 ပေ)ပြီး ထိုကြေးရုပ်ဆင်းတုတော်သည် ဗုဒ္ဓအားလုံး၏ ကရုဏာကို ပုံဖော်ထားသည့် ဘုရားလောင်းကို ပုံဖော်ထားသည်။ ဤရုပ်တုကို ၂၀၀၉ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်ရန် ဒေသတွင်းစီးပွားရေးနှင့် ဘာသာရေးအဖွဲ့အစည်းများ၏အကူအညီဖြင့် ယွမ်သန်း ၂၆၀ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။

7. Great Buddha of Thailand

The Big Buddha ဟုလည်းလူသိများသော Great Buddha of Thailand သည် ထိုင်းနိုင်ငံတွင် အမြင့်ဆုံးဆင်းတုတော်ဖြစ်ပြီး အရှေ့တောင်အာရှတွင် ဒုတိယအမြင့်ဆုံး ရုပ်ပွားတော်ဖြစ်ပြီး ကမ္ဘာပေါ်တွင် သတ္တမမြောက်အမြင့်ဆုံး ရုပ်ပွားတော်လည်းဖြစ်ပါတယ်။ ထိုရုပ်ပွားဆင်းထုတော်သည် Wat Muang, Wiset Chai Chan, Angthong, Thailand မှာတည်ရှိပြီး အမြင့် 92 မီတာ (302 ပေ) ​မြင့်ပါတယ်။အဆိုပါ ရုပ်ပွားတော်အား Wat Muang ဘုရားကျောင်း၏ ပထမဆုံး ဆရာတော် ဦးသောဘိတက ဆရာတော် အရှင် ဘုန်းတော်ကြီး ဝီဘူလ် အာဂျရခွန် ၏ မွက်ကြားချက်အရ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီရုပ်ပွားတော်ကို တည်ဆောက်ဖို့အတွက် ဗုဒ္ဓကို ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်တွေက ထည့်ဝင်အလှူငွေနဲ့ တည်ဆောက် ခဲ့ပါတယ်။ ဒီရုပ်တုကြီးကို တော်တော်ဝေးဝေးကနေ မြင်နိုင်ပြီး ဖူးမျှော်ခွင့်ရတာကြောင့် နာမည်ကျော်ကြားလာခဲ့ပါတယ်။

8. Hokkaido Kannon

Hokkaido Kannon သည် Kita no Miyako ပန်းခြံ၏ Dai Kannon ဟုလည်းလူသိများပြီး ကမ္ဘာ့အမြင့်ဆုံးရုပ်ပွားတော် ၁၀ ဆူအနက်မှတစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။ ထိုရုပ်ပွား​ေတာ်သည် ဂျပန်နိုင်ငံတွင် တတိယအမြင့်ဆုံး ရုပ်တုလည်းဖြစ်ပါတယ်။ ထိုပ်ရုပ်ထုအမြင့်မှာ 88 မီတာ(289 ပေ) ရှိပြီး Ashibetsu, Hokkaido, Japan မှာတည်ရှိပါတယ်။ ဤရုပ်တုကို ၁၉၇၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၉ ခုနှစ်အထိ ပြီးစီးခဲ့သည်။ ရုပ်တုသည် အထပ် ၂၀ ကျော်ရှိပြီး ဓာတ်လှေကားပါရှိသည်။ ကြမ်းပြင်အများစုတွင် နတ်ကွန်းများနှင့် ဝတ်ပြုရန်နေရာများရှိပြီး ပတ်ဝန်းကျင်၏ အံ့မခန်းမြင်ကွင်းများကို ကြည့်ရှု့လို့ရအောင် ပလက်ဖောင်းတစ်ခုလဲ ရှိပါတယ်။

9. The Motherland Calls

Motherland Calls သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ အမျိုးသမီးတစ်ဦး၏ အမြင့်ဆုံးရုပ်တုဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးရုပ်တု ၁၀ ခုထဲမှ တစ်ခုဖြစ်သည်။ ထိုရုပ်ထုရဲ့အမြင့်မှာ 85 မီတာ(279 ပေ) မြင့်ပြီး ရုရှားနိုင်ငံ၊ Volgogradရှိ Mamayevမြို့ မှာ တည်ရှိပါတယ်။ ၎င်းရုပ်ထုပုံမှာ ကလေးတွေအပေါ်မှ ကျရောက်လာမည့် အန္တရာယ်တွေကိူ ကာကွယ်ရန်နှင့် နောက်ထပ်ကျလာမည့် ရန်သူတွေကို ခုခံတိုက်ခိုက်ဖို့ရာ ရည်ရွယ် ထုလုပ်ထားသောကြောင့် The Motherland Calls (အမိနိုင်ငံ)ဆိုပြီး နာမည်ကျော်ကြားပါတယ်။ ရုပ်တုပုံသဏ္ဍန်ကို အင်ဂျင်နီယာရှုထောင့်မှကြည့်လျှင် အလွန်ရှုပ်ထွေးပြီး ညာဘက်လက်တွင် ဓားတစ်ချောင်းကို ကိုင်မြှောက်ထားပြီး ၎င်း၏ထူးခြားသောဖွဲ့စည်းပုံကြောင့် လက်ဝဲလက်ကို တစ်စုံတစ်ဦးကိုခေါ်ရန် ထွင်းထုထားသောကြောင့် ထူးထူးခြားခြား ဖွဲ့စည်းတည်ဆောက်ထားတာကိုတွေ့ရပါ့မယ်။

10. World Peace Giant Kannon

World Peace Giant Kannon ဟုလည်း လူသိများကျော်ကြားသော Awaji Kannon သည် Awaji ကျွန်းရှိ ပြတိုက်နှင့် ဘုရားကျောင်းတစ်ခုပါရှိသည့် စွန့်ပစ်ထားသော အဆောက်အအုံတစ်ခုတွင် တည်ရှိတဲ့ ဧရာမရုပ်တုဖြစ်ပါတယ်။ ရုပ်တုကို အမြင့် 66 ပေရှိ 5 ထပ်ခြေခံခုံပေါ်တွင် တည်ထားသည်။ စုစုပေါင်းအမြင့်မှာ 80 မီတာ (260 ပေ)ရှိပြီး Awaji ကျွန်း၊ Hyogo စီရင်စု၊ ဂျပန်နိုင်ငံမှာ တည်ရှိပါတယ်။ ရုပ်တုသည် တရုတ်ဘာသာဖြင့် Guanyin ဟုလူသိများသော ထင်ရှားသော ဗုဒ္ဓဘာသာနတ်ဘုရားမ Kannon ကို ပုံဖော်ထားခြင်းပဲဖြစ်ပါတယ်။ ၎င်းရုပ်ထုရဲ့အဖြူရောင်ကောက်ကြောင်း ပုံရိပ်တွေကို ကျွန်းရဲ့နေရာတိုင်းမှ မြင်တွေ့နိုင်ပါတယ်။

Demolished on Jan 24 2022

Watch it on youtube