
ရေကာတာတွေက ခိုင်မာသော အတားအဆီးတစ်ခုဖြစ်ပြီး ရေဖမ်းနယ်တစ်ခုရဲ့ ကျဥ်းသော ထွက်ပေါက် (သို့) မြစ်ဝှမ်းကိုဖြတ်ပြီး ရေလှောင်ကန်တစ်ခုကို ဖန်တီး တည်ဆောက်ထားခြင်းပဲ ဖြစ်ပါတယ်။
ရေကာတာတစ်ခု တည်ဆောက်တော့မယ်ဆိုရင် မဖြစ်မနေထည့်သွင်းစဥ်းစားရမယ့် အချက်တွေကတော့
1. ရေကာတာကို ဖြစ်နိုင်သမျှ အနည်းဆုံး အလျား၊ အမြင့်တို့နဲ့ အမြင့်ဆုံးရေသိုလှောင်နိုင်အားကို ရရှိသင့်ပါတယ်။
2. တည်ဆောက်ရေးပစ္စည်းများကို လုပ်ငန်းခွင်နယ်ပယ် အနီးအနားမှာ အလွယ်တကူရနိုင်တဲ့နေရာဖြစ်ရပါ့မယ်။
3. ရာသီအားလုံးမှာပင် ထိုရေကာတာကို အလွယ်တကူအသုံးပြုလို့ရအောင် တည်ဆောက်သင့်ပါတယ်။
4. သင့်တင့်သော ရေအနက်မှာပင် ရေကာတာအတွက် ကြံ့ခိုင်ကောင်းမွန်သော အောက်ခံအုတ်မြစ်ရှိသင့်ပါတယ်။
5. ရေကာတာ (dam) တည်ဆောက်နေစဥ်အတွင်းမှာ ဆောက်လုပ်ရေးလုပ်သားတွေနဲ့ စီမံကိန်းအင်ဂျင်နီယာတွေ လိုက်လျောညီထွေစွာ အတူလက်တွဲလုပ်ဆောင်သင့်ပါတယ်။
တည်ဆောက်ထားတဲ့ ရေကာတာတွေကို အမျိုးအစား ပြန်ပြီးခွဲရမယ်ဆိုရင်
1. ခိုင်ခံမှုနည်းသော ရေကာတာများ (non rigid dams) နဲ့
2. ခိုင်ခံသော ရေကာတာ (rigid dams) တို့ပဲဖြစ်ပါတယ်။
ခိုင်ခံ့မှုနည်းသောရေကာတာတွေက ကျောက်ဖြည့်ရေကာတာ၊ ကျောက်သားနဲ့ မြေဖြည့်ရေကာတာနဲ့ မြေသားရေကာတာတို့ပဲဖြစ်ပါတယ်။
ခိုင်ခံ့တဲ့ရေကာတာတွေကတော့ သစ်သားရေကာတာ၊ သံမဏိရေကာတာ၊ ခိုင်မာသော အလေးထိုင်ရေကာတာ(solid gravity dams)တနည်းအားဖြင့်ပြောရရင် ကွန်ကရစ်တွေ ပန်းရံတွေနဲ့ တည်ဆောက်ထားတာပါ။ နောက်တခုကပေါင်းကူးရေကာတာဖြစ်ပြီး သူကလဲ ကွန်ကရစ်တွေနဲ့ ပန်းရံတွေနဲ့သေချာတည်ဆောက်ထားတာပါ။ နောက်ဆုံးတခုက ပါးပျဥ်ထောက်ရေကာတာ (buttress dam) ဖြစ်ပြီး သံကူကွန်ကရစ်တွေကို ပန်းရံတွေနဲ့ သေသေချာချာတည်ဆောက်ထားသော ရေကာတာတစ်ခုပဲဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တာတော့ ရေကာတာတွေအကြောင်းအရာတစ်ချို့ကို တင််ပြပေးခဲ့တာပါ။ လူကြီးမင်းတို့လည်း ရေကာတာနဲ့ပတ်သက်ပြီး တခြားအကြောင်းအရာများရှိခဲ့ရင် Myan Box comment မှာ ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ #Myanbox #HandcraftInsights

