အခုခေတ်မှာ ခေတ်မီတိုက်တာ အဆောက်အအုံတွေ တည်ဆောက်တဲ့အခါ Master bed room တွေပါ ထည့်သွင်းတည်ဆောက် လာကြပါတယ်။ Master Bed Room ဆိုတာက အိပ်ခန်းအတွင်းထဲမှာပဲ ရေချိုးခန်း အိမ်သာ တွဲပြီး တည်ဆောက်ထားတဲ့ အခန်းပဲ ဖြစ်ပါတယ်။ ပုံမှန်အတိုင်းတည်ဆောက်မယ်ဆိုရင် အိပ်ခန်း ကြမ်းခင်းနဲ့ ရေချိုးခန်း အိမ်သာ ကြမ်းခင်းတွေက Level မတူကြပါဘူး။
ရေချိုးခန်းထဲမှာ သုံးတဲ့ရေတွေ သက်ဆိုင်ရာ ရေထွက်ပေါက်ကနေ စီးဆင်းကျသွားဖို့ရယ်၊ ရေတွေအိပ်ခန်းထဲ စီးမဝင်ဖို့ အတွက် သတ်မှတ်အတိုင်းအတာ တစ်ခုနဲ့ level နိမ့်နေရပါမယ်။ အဲဒီလို နိမ့်နေဖို့အတွက် ကွန်ကရစ် slab ပြင်ကို အောက်ချပြီးမှ ပုံစံဆင်လောင်းရပါတယ်။ အဲဒီလို Slab ကို sunken slab (သို့) drop slab လို့ ခေါ်ပါတယ်။
တစ်ခါတလေမှာ အခန်းဖွဲ့စည်းပုံအရ ရေချိုးခန်း အိမ်သာက Main Beam or Primary Beam အပေါ်ကနေက Slab ပြင်ကို နိမ့်ရသလို Beam ကို နိမ့်ပေးရပါတယ်။ အဲဒီအခါ Beam က မတူညီတဲ့ အရွယ်အစား ၂ခု နဲ့ non – prismatic beam ဖြစ်သွားပါတယ်။ non – prismatic beam အတွက် သေသေချာချာ design လုပ်ပြီး တည်ဆောက်ရပါတယ်။ Irregular beam တွေအတွက် ဒီဇိုင်းတွက်ချက်ရာမှာ တွက်ချက်နည်းတွေ ကွဲပြားတာတွေ ရှိပါတယ်။ အရိုးရှင်းဆုံး နည်းလမ်းတစ်ခုကတော့ ဒီဇိုင်းလုပ်ရာမှာ drop beam size နဲ့ပဲ ဒီဇိုင်းလုပ်ပြီး ကွန်ကရစ်သွန်းလောင်းပြီးတော့ တည်ဆောက်ရမှာပဲ ဖြစ်ပါတယ်။




