မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ မြေအနေအထားတွေဟာ အပင်တွေကောင်းမွန်စွာ ရှင်သန်ဖို့အတွက် အထောက်အကူပြုပါတယ်။ မြေနေရာ အနေအထားအရဆိုရင်လည်း ခြံဝန်းလေးတွေရှိတဲ့အတွက် home garden တွေ ဖန်တီးပေးဖို့အဆင်ပြေတာကိုတွေ့ရပါတယ်။

ကိုယ့်အိမ်ရဲ့မြေနေရာအလွတ်လေးမှာHome garden လေးတွေပြုလုပ်ပြီး အပင်လေးတွေစိုက်ပျိုးပေးလို့ရပါတယ်။ အဲ့လိုမျိုး အပင်လေးတွေစိုက်ပျိုးတဲ့ အလေ့အကျင့်ကောင်းတွေရှိမယ်ဆိုရင်တော့ ကိုယ်နဲ့ ကိုယ့်မိသားစု​တွေအတွက် အကျိုးကျေးဇူးများစွာရရှိမှာပဲ ဖြစ်ပါတယ်။

☘️ လူသားတွေဟာ တစ်နေ့တာမှာ အနည်းဆုံး မိနစ် ၃၀ ခန့် ကိုယ်လက် လှုပ်ရှား (physical activity) ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ အပင်လေးတွေ စိုက်ပျိုးရင်း ရေလောင်းပေါင်းသင်လုပ်ပေးခြင်းဟာလည်း တစ်နေ့တာအတွက်လိုအပ်တဲ့ activity ကိုရရှိစေပါတယ်။

☘️ Gardening ပြုလုပ်ခြင်းဟာ လေကောင်းလေသန့်နဲ့ နေရောင်ခြည်နွေးနွေးကို ရရှိစေတဲ့အတွက် စိတ်ဖိစီးမှုတွေကိုဖြေလျော့စေတဲ့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။

☘️ ကလေးတွေအနေနဲ့ အိမ်တွင်းအောင်းပြီး game ဆော့တာမျိုး၊ Mobile ဖုန်းအသုံးများတာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ ရေရှည်မှာဆိုရင်တော့ ဒါဟာ သူတို့ရဲ့ ကျန်းမာရေးကို အနည်းနဲ့အများ ထိခိုက်လာစေပါတယ်။ family garden ပြုလုပ်ခြင်းဟာ သူတို့ကို သဘာဝပတ်ဝန်းကျင်နဲ့ အထိအတွေ့များစေမယ့်အပြင် အပြင်ဘက်မှာပြုလုပ်လို့ရမယ့် activities တွေကို ပိုပြီးစိတ်ဝင်စားလာစေပါတယ်။

☘️ Gardening ပြုလုပ်ခြင်းဟာ aerobic နဲ့ muscle strengthening activity များစွာပါဝင်တဲ့အတွက် ကယ်လိုရီတွေကိုလောင်ကျွမ်းစေမှာဖြစ်ပြီး သွေး

လည်ပတ်မှုလည်းကောင်းစေမှာဖြစ်ပါတယ်။

☘️ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်ပျော်ဖို့အတွက် အထောက်အပံ့ဖြစ်စေတဲ့အပြင် တစ်နေ့တာ လုပ်ငန်းဆောင်တာတွေအတွက်လည်း performance ကိုတိုးတက်စေပါတယ်။

🪴🪴 ကိုယ်နှစ်သက်တဲ့ သီးပင်စားပင်နဲ့ ပန်းပင်လေးတွေကို design create လုပ်ပြီး မိမိတို့ရဲ့ခြံဝန်းထဲမှာ ဖန်တီးပေးလို့ရပါတယ်။

🪴🪴အထပ်မြင့်နေတဲ့သူတွေအနေနဲ့လည်း ဝရန်တာမှာ အပင်လေးတွေစိုက်ပျိုးနိုင်ပါတယ်။ indoor plant လေးတွေထားပေးခြင်းဟာလည်း လှပတဲ့ interior design ကိုရရှိမှာဖြစ်ပြီး ကျန်းမာရေးအတွက်လည်းများစွာအထောက်အကူပြုပါတယ်။

🪴🪴 ကိုယ်နှစ်သက်တဲ့ သီးပင်စားပင်နဲ့ ပန်းပင်လေးတွေကို design create လုပ်ပြီး မိမိတို့ရဲ့ခြံဝန်းထဲမှာ ဖန်တီးပေးလို့ရပါတယ်။

🪴🪴အထပ်မြင့်နေတဲ့သူတွေအနေနဲ့လည်း ဝရန်တာမှာ အပင်လေးတွေစိုက်ပျိုးနိုင်ပါတယ်။ indoor plant လေးတွေထားပေးခြင်းဟာလည်း လှပတဲ့ interior design ကိုရရှိမှာဖြစ်ပြီး ကျန်းမာရေးအတွက်လည်းများစွာအထောက်အကူပြုပါတယ်။

#Plants #Health #Design