Minimalist Interior Design ဆိုတာကတော့ အလွယ်ပြောရရင် Functionality လုပ်ဆောင်နိုင်စွမ်းကို ဦးစားပေးပြီး ရိုးရှင်းမှုနဲ့ ပုံဖော်ထားတဲ့ design တမျိုးပါပဲ။ ၂၀ရာစု အစောပိုင်းမှာပေါ်ပေါက်လာခဲ့ပြီး နောက်ပိုင်း ပိုမိုလူကြိုက်များလာခဲ့ပါတယ်၊

Minimalist design ရဲ့ ပါဝင်တဲ့အဓိကအချက်တွေကို ပြောပြပေးချင်ပါတယ်၊

Read this article on Handcraft-Insights-Facebook

Design something like that Contact us

1.Simplicityမလိုအပ်တဲ့ အလှဆင်ပစ္စည်းတွေလုံးဝမထားပဲ လိုအပ်ချက်အရရှိသင့်ရှိထိုက်တဲ့ ပစ္စည်းတွေပဲထားပါတယ်၊ အခန်းလေးက ကြည့်လိုက်ရင် ရိုးရှင်းပြီး ငြိမ်သက်နေတဲ့ အငွေ့အသက်လေးကို ခံစားရမယ်။လှတော့ လှတယ် မလိုအပ်ရင် မထည့်ထားဘူး၊ စျေးတော့ကြီးတယ် ဒါမယ့်တကယ်လိုအပ်ရင်တော့ထည့်ထားတယ်။

2.Neutral color pattern

အဖြူ၊ အဝါနု၊ မီးခိုးနဲ့ အမည်းရောင် စတဲ့အရောင်တွေကို အသုံးများတယ်၊ အဲ့အရောင်တွေက ပွင့်လင်းမြင်သာတဲ့ အသွင်သဘောဆောင်တာပေါ့။ ပြီးတော့တခြား အလှဆင်ပစ္စည်းတွေအတွက်ကျတော့ ပန်းချီကားတခုရဲ့ နောက်ခံတခုလိုပေးစွမ်းစေတာပေါ့။

3.Clean Lines

ပရိဘောတွေ၊ ဗိသုကာတွေက အစ အဖြောင့်လိုင်းနဲ့ ရိုးရှင်းပြောင်မြောက်တဲ့ လိုင်းတွေဆွဲလေ့ရှိတယ်၊ မရှုပ်ထွေးဘူးပေါ့၊ မလိုအပ်တဲ့ ဒွန့်တေ ကနုတ်တေ ဘာမှမထည့်ဘူး။

4. Decluttered Spaces

ဥပမာပေးရရင် ဧည့်ခန်းကြီးကျယ်နေလို့ show case တွေ side table တွေ featured wall တေ အသုံးမလိုတာတွေ လိုက်ထည့်နေမှာမဟုတ်ပဲ မရှုပ်ပွတဲ့ အလှဆငိပစ္စည်းမျိုးတွေနဲ့ နေရာလွတ်လည်း လွတ်တဲ့အတိုင်း open space တွေထားထားတာမျိုး။

5. Focus on Functionality

အသုံးဝင်မှုနဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ရှိသင့်ရှိထိုက်တဲ့ ပစ္စည်းတွေထည့်သုံးထားတယ်၊ multi-functional furniture တွေလည်းအသုံးပြုပြီး space ပိုကျယ်ကျယ်ရအောင်လုပ်တယ်။

6. Abundance of light

သဘာဝအလင်းရောင်ကို အတက်နိုင်ဆုံး များများရအောင် ပြုတင်းပေါက်အကြီးကြီးတွေ၊ Floor layout တွေကိုလည်း open type လုပ်ပြီး အလင်းများများဝင်ဖို့နဲ့ လေဝင်လေထွက်ကောင်းစေဖို ရည်ရွယ်တယ်။