ကမ္ဘာ့အကြီးဆုံး မြို့ပြ အဆောက်အဦးကြီး ဖြစ်လာမည့် ဆော်ဒီအာရေဗျနိုင်ငံ ၏ “Mukaab”
ဆော်ဒီအာရေဗျဟာ ကမ္ဘာ့အကြီးဆုံး ခေတ်မီမြို့ပြ အဆောက်အဦးကြီး ဖြစ်လာမယ့် New Murabba စီမံကိန်းကို 2030 ခုနှစ်မှာ ပြီးစီးဖို့ရန် စီစဉ်ထားပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးတည်ဆောက်ထားတဲ့ အဆောက်အဦးများထဲမှ တစ်ခုဖြစ်လာမှာဖြစ်ပြီး “The Mukaab”လို့ အမည် ရပါတယ်။
ခေတ်မီ “Najdi” ဗိသုကာဟန်ပုံစံဖြင့် အသက်သွင်းမယ့် ဒီ project ဟာ ပထမဆုံးအမျိုးမျိုးသော အသုံးဝင်မှုတွေ ပါဝင်မှာဖြစ်ပြီး နောက်ဆုံးပေါ် holographics များနဲ့ ဒစ်ဂျစ်တယ်နည်းပညာကို ဗိသုကာ နည်းပညာတို့ နဲ့ ပေါင်းစပ်ထားတဲ့ အရောင်အသွေး စုံလင်လှတဲ့ မြို့ကြီး တစ်ခုလို ဖြစ်လာမှာပါ။
ခရုပတ်အခြေခံပေါ်ရှိ တာဝါတိုင်တစ်ခုကို ဝန်းရံထားမှာ ဖြစ်ပြီး လူနေအိမ်နဲ့ ဟိုတယ်ခန်းများ၊ စီးပွါးရေးနဲ့ သက်ဆိုင်တဲ့နေရာများ၊ အပန်းဖြေနေရာများ၊ ယဉ်ကျေးမှုနဲ့ ခရီးသွားတွေကို ဆွဲဆောင်မှုများစွာရှိတဲ့ ဧည့်ဝတ်ပြုရာနေရာများလည်း ပါဝင်ပါတယ်။ စတုရန်းမီတာ (၂) သန်းကျယ်ဝန်းပါတယ်။
သူ့ရဲ့အဆောက်အဦးပုံစံ မှာ ကုဗပုံသဏ္ဍာန် ဖြစ်ပြီးအဆောက်အဦးရဲ့ မျက်နှာစာကို နိုင်ငံတော်ရဲ့ ကြွယ်ဝလှတဲ့ အစ္စလာမ့်သမိုင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ နူးညံ့သိမ်မွေ့စွာ ထွင်းထုထားတဲ့ ဂျီဩမေတြီပုံစံများလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ဒီအဆောက်အဦးဟာ 400m x 400m x 400m ရှိပြီး အထပ် (၁၀၂) ထပ်ရှိတဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တော် ရှိ Empire State building အခု (၂၀) ကျော်နဲ့ ညီမျှလောက်အောင် ကြီးမားပါတယ်။
Mukaab ကြောင့် ဆော်ဒီအာရေဗျ နိုင်ငံရဲ့ မြို့တော် ရီးယက် ဟာ ကမ္ဘာပေါ်မှာ နေချင်စရာ အကောင်းဆုံးမြို့ (၁၀) ခုထဲက တစ်ခုဖြစ်လာစေရန် ရည်မှန်းထားပါတယ်။
-ဗိသုကာ သုခုမ (Facebook Page)
Chatgpt reply on the project.
It’s important to note that architectural projects are continually evolving, and new developments may arise after my last knowledge update. To get the most accurate and up-to-date information about “The Mukaab” or any other recent architectural projects in Saudi Arabia, I recommend conducting a search on reliable news sources or official websites of relevant authorities or architectural firms.



