Edinburgh castle ကတော့ Scotland ရဲ့ထင်ရှားတဲ့ landmark တစ်ခုဖြစ်ပြီး မြို့တော် Edinburgh မှာ တည်ရှိတာဖြစ်ပါတယ်။

🏰 လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက မီးတောင်ပေါက်ကွဲတာကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ castle rock (volcanic rock) ပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး နိုင်ငံကိုတိုက်ခိုက်ဖို့အတွက် လာရောက်တဲ့ရန်သူတွေကို အပေါ်စီးကပစ်ချရန် military base အဖြစ်အသုံးပြုခဲ့ပါတယ်။

🏰ဒီ castle ကို 12th Century မှာ David I ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး 17th Century မတိုင်ခင်အထိ royal residence အဖြစ်အသုံးပြုခဲ့ပါသေးတယ်။

🏰 ရဲတိုက်အတွင်းမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဘုရင်၊ မင်းညီမင်းသားတွေနဲ့ စစ်မှုထမ်းတွေရဲ့ ခွေးလေးတွေအတွက် သချိုင်းတွေလည်းပြုလုပ်ပေးထားပါတယ်။

🏰 Scotland ရဲ့ သရဲအခြောက်ဆုံးနေရာတွေထဲက တစ်ခုဖြစ်ပြီး အဲ့ဒီမှာရှိတဲ့ သရဲတွေကိုတော့ သူတို့အသက်ရှင်စဉ်က နောက်ဆုံးပြုလုပ်ခဲ့တာတွေပေါ်မူတည်ပြီး နာမည်တွေပေးထားပါတယ်။ သွားရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေက ရဲတိုက်အတွင်းမှာ အရိပ်(shadow figure)တွေ တွေ့ရှိတဲ့အပြင် ရုတ်တရက်အပူချိန်ပြောင်းလဲတာမျိုးတွေနဲ့ တခြားပုံမှန်မဟုတ်တဲ့ ခံစားချက်တွေရရှိကြပါတယ်။

🏰 စာရေးဆရာမ J.K. Rowlings ဟာဆိုရင် ဒီ Edinburgh ရဲတိုက်ကိုကောင်းစွာမြင်ရတဲ့ The Elephant House Cafe မှာထိုင်ပြီး Harry Potter

Film series ကို sketch အကြမ်းချခဲ့ပါတယ်။

#landmark#knowledge

#edinburgh#castle

#myanboxknowledge