The Statue of Liberty Enlightening က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ဆိပ်ကမ်းရှိ Liberty ကျွန်းပေါ်က neoclassical ပန်းပုရုပ်ထုပဲဖြစ်ပါတယ်။ ပြင်သစ်မှ အမေရိကန်ပြည်ထောင်စုကို လက်ဆောင်ပေးသည့် ကြေးနီရုပ်ထုကို ပြင်သစ်ပန်းပုပညာရှင် Frederic Auguste Bartholdi မှ ဒီဇိုင်းထုတ်ပြီး တည်ဆောက်ခဲ့ပါတယ်။ ထိုရုပ်ထုကြီးကို 1886 ခုနှစ် အောက်တိုဘာလ 28 ရက်နေ့မှာ ပြီးစီးအပ်နှံနိုင်ခဲ့ပါတယ်။

ရုပ်ထုမှ ဝတ်ဆင်ထားတဲ့ ဒီဇိုင်းကတော့ ရောမလွတ်လပ်ရေးနတ်ဘုရားမ (Libertas) ရဲ့ ဒီဇိုင်းပုံပဲဖြစ်ပါတယ်။ ရုပ်ထုရဲ့ ညာဘက်လက်မှ မီးရှူးတိုင်ကို ဦးခေါင်းအထက်ထိ ကိုင်မြှောက်ထားပြီး ဘယ်ဘက်မှာ ရောမ အက္ခရာ (JULY IV MDCCLXXVI) ဆိုပြီး ရေးထိုးထားပါတယ်။ အဓိပ္ပါယ်ကတော့ ဇူလိုင်လ 4 ရက် 1776 ခုနှစ်ပဲ ဖြစ်ပါတယ်။ ဇူလိုင်လ 4 ရက်နေ့က အမေရိကန်ပြည်ထောင်ရဲ့ လွတ်လပ်နေ့ပဲ ဖြစ်ပါတယ်။ ရုပ်ထုခြေရင်းဘက်မှာ ကျိုးနေသော သံကွင်းဆက်တစ်ခုနဲ့ သံကြိုးတို့က နိုင်ငံလုံးဆိုင်ရာ ကျွန်ပြုမှု ဖျက်သိမ်းရေး အထိမ်းအမှတ်သင်္ကေတ ပဲဖြစ်ပါတယ်။

ထိုရုပ်ထုကို အမေရိကန်မီးပြတိုက်ဘုတ်အဖွဲ့မှ 1901ခုနှစ်ထိ တာဝန်ယူစီမံခဲ့ပြီး 1933 ခုနှစ်မှ စတင်ကာ National Park Service မှ Liberty National Monument ရဲ့ တစိတ်တပိုင်းအဖြစ် ကမ္ဘာလှည့်ခရီးသွားများကို အဓိကဆွဲဆောင်ရာ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ 1916 ခုနှစ်မှ စတင်ပြီး မီးရှူးတိုင်ပတ်လည်ရှိ လသာဆောင်သို့ ခရီးသွားများ သွားလာလည်ပတ်ခွင့်ကို တားမြစ်ခဲ့ပါတယ်။

အခုတင်ပြပေးခဲ့တာကတော့ အမေရိကန်ပြည်ထောင်စုရှိ The Statue of Liberty အကြောင်းအရာပဲဖြစ်ပါတယ်။ #Myanbox #HandcraftInsight

Photo Credits: Google Image Search