တာ့ဂျ်မဟာ Taj Mahal သည် မဂိုဗိသုကာပညာ၏ အကောင်းဆုံး ဥပမာတစ်ခုအဖြစ်ပြီး တချို့က ကမ္ဘာ‌ပေါ်မှာ အလှဆုံး‌သော အ‌ဆောက်အအုံကြီးလို့ ဆိုကြပါတယ်။ တည်ဆောက်မှုပုံစံ ပါရှန်း၊ တူရကီ၊ အိန္ဒိယနှင့် အစ္စလာမ် ဗိသုကာပုံစံ အစိတ်အပိုင်းများပေါင်းစပ်ပါဝင်နေပါတယ်။ ၁၉၈၃ ခုနှစ်တွင် တာ့ဂျ်မဟာသည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာများစာရင်းတွင် ပါဝင်လာခဲ့ပြီး “မူစလင်အနုပညာ၏ ရတနာ နှင့် အားလုံးက အံ့ဩလေးစားရလောက်သော အလွန်ပြောင်မြောက်သည့် ကမ္ဘာ့အမွေအနှစ်အဆောက်အဦး” ဟု ဖော်ပြထားခဲ့ပါတယ်။ ‘တာ့ဂျ်မဟာရ်’ဟူသည်မှာ ‘နန်း များ ထွတ်‌ခေါင်’ဟု အနက်ရပြီး ရှားဂျဟန်း ဧကရာဇ်ဘုရင် မင်းမြတ်၏ အ‌လောင်းကိုလည်း ဤသင်းချိုင်း၌ပင် မြှုပ်နှံခဲ့ကြပါတယ်။

တာ့ဂျ်မဟာရ်အဆောက်အဦးအစုအဝေးကို ၁၆၄၈ ခုနှစ်ခန့်က ဆောက်လုပ်ပြီးစီးခဲ့ပြီး အူစတတ် အာမက် လာဟောရီက တာ့ဂျ်မဟာရ်၏ အဓိကပုံစံထုတ်တည်ဆောက်သူဖြစ်သည်ဟု ယူဆကြပါတယ်။

မူလအစနှင့်ဖြစ်ပေါ်လာစေသည့်အကြောင်း ပြင်ဆင်

မဂိုအင်ပိုင်ယာ၏ အချမ်းသာအကြွယ်ဝဆုံးအချိန် ၁၆၃၁ ခုနှစ်တွင် မဂိုဘုရင် ရှားဂျာဟန်မှာ သူ၏ တတိယမြောက်ဇနီး မမ်တက်ဇ်မဟာရ် ကွယ်လွန်သွားသဖြင့် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေခဲ့ပါတယ်။ သူတို့၏ ၁၄ ယောက်မြောက်ရင်သွေးဖြစ်သော ဂေါဟာရာဘီဂမ်ကို မွေးဖွားစဉ် ကွယ်လွန်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ မှတ်တမ်းမှတ်ရာများ အရ ရှားဂျာဟန်၏ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းသည် တာ့ဂျ်မဟာကို ဆောက်လုပ်ဖြစ်ရန် စေ့ဆော်ပေးသော အချက်ဖြစ်ပါတယ်။ မမ်တက်ဇ်သေဆုံးပြီး မကြာမီတွင်ပင် တာ့ဂျ်မဟာရ်ကို စတင်ဆောက်လုပ်ခဲ့ပြီး အဓိက ဂူသင်္ချိုင်းမှာ ၁၆၄၈ ခုနှစ်တွင် ပြီးစီးခဲ့ပါတယ်။ ပတ်ဝန်းကျင်ရှိ အဆောက်အဦးများနှင့် ဥယျာဉ်များမှာ ၅ နှစ်အကြာတွင် ပြီးစီးခဲ့ပါတယ်။ ဘုရင် ရှားဂျာဟန်မှ တာ့ဂျ်မဟာရ်တွင် အောက်ဖော်ပြပါစာသားကို ရေးသားခဲ့သည်။

“အပြစ်ကျူးလွန်သူတစ်ယောက် ဤနေရာတွင် ခိုလှုံလာပါက လွမ်းငြိမ်းချမ်းသာခွင့်ပေးခံရသူပမာ သူ၏ အပြစ်များအားလုံး ကျေပျောက်ရမည်။ အကယ်၍ အပြစ်ရှိသူမှ ဤခန်းမသို့လာရောက်ပါက သူ၏အပြစ်များအားလုံးကို ဆေးကြောသန့်စင်စေရမည်။ ဤအဆောက်အဦး၏ နေရာသည် ဝမ်းနည်းပူဆွေးမှု၏နေရာဖြစ်သည်။ နေနှင့်လတို့ မျက်ရည်ကျရာနေရာဖြစ်သည်။ ဤကမ္ဘာတွင် ဤအဆောက်အဦးဖြင့် တည်ဆောက်သူ၏ ဂုဏ်ကျက်သရေကို ဖော်ကျူးနေသည်။”

ဗိသုကာပညာ ပြင်ဆင်

တာ့ဂျ်မဟာသင်းချိုင်းဂူမှာ ‌ကျောက်ဖြူဖြင့် တည်‌ဆောက် ထား‌သော ရှစ်‌မြှောင့်ပုံ အ‌ဆောက်အအုံကြီး ဖြစ်ပြီး ‌ပေ ၇ဝ မြင့်ပြီး သဲနီ‌ကျောက် ‌အောက်‌ခြေ‌ပေါ်တွင် တည်​ဆောက်ခဲပါတယ်။ သို့‌သော် ယင်းထိပ်တွင် ‌ပေ ၁၂၀ မြင့်‌သော ခုံဝိုင်းကြီး တပ်ဆင်ထားပြန်သဖြင့် စုစု‌ပေါင်း ‌ပေ ၁၉၀ ခန့်မြင့်‌ ပါတယ်။ အ‌ဆောက်အအုံကြီးရဲ့ ‌ဘေးပတ်လည် သဲနီ‌ကျောက် ‌အောက် ‌ခြေ၏ ‌ထောင့်များတွင် ၁၃၃ ‌ပေမြင့်‌သော ဘုရားရှိခိုး‌မျှော်စင် တစ်ခုစီရှိပါတယ်။ အ‌ဆောက်အအုံကြီးမှာ သဲနီ‌ကျောက် တံတိုင်းဖြင့် ဝန်းရံထား‌သော ရှုချင်စဖွယ် ဥယျာဉ်တစ်ခုရဲ့ အလယ်တွင် တည်ရှိ‌ပြီး အတွင်းဘက်တွင် ပြင်ဆင်ထားပုံမှာ ခမ်းနား ဆန်းပြားလှပေ။ ‌ကျောက်ဖြူဂူ နှစ်ခုရှိ‌သော အခန်းကြီးကို အဖိုးတန်‌ကျောက်မျက်ရတနာ ၁၂ မျိုးဖြင့်​ပြုလုပ်ထားသည့် ခန်းဆီးများ နှင့် ကာရံထားသည်။ အတွင်းနံရံများတွင် တိရစ္ဆာန်ပုံနှင့် သစ်ပင်ပန်းပင်ပုံများပေါ်တွင် မှန်စီ‌ရွှေချ လက်ရာများမှာ အလှဆုံးပင်ဖြစ်သည်ဟုဆိုကြပါတယ်။ ထို့ပြင် ကိုရန်ကျမ်းထွက် တရားစာများကိုလည်း လှပဆန်းကျယ်စွာ ထွင်းထုထားပါသေးတယ်။ ဤ အ‌ဆောက်အအုံကြီးကို ‌ဆောက်လုပ်ရာတွင် ‌ပေါင် ၃ သန်း ‌ကျော် ကုန်ကျခဲ့သည်ဟု ဆို‌​ကြပါတယ်။ အလုပ်သမားပေါင်း နှစ်သောင်းကျော်ဖြင့် တည်ဆောက်ကာ နှစ်ပေါင်း ၂၀ကြာအောင် ဆောက်လုပ်ခဲ့ရပါတယ်။

#တာ့ဂျ်မဟာ #TajMahal

#MyanBox